“မိုးစပါးများအောင်မြင်ဖြစ်ထွန်းလျက်ရှိ”

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည်စိုက်ပျိုးရေးဒေသတစ်ခုဖြစ်သည့် အလျှောက် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး အဓိကအသက်သွေးကြောဖြစ်သော စပါးသီးနှံကို လည်းစိုက်ပျိုးလျက်ရှိပါသည်။ ဇူလိုင်လကုန် သြဂုတ်လဆန်းမှစတင်၍ မိုးစပါးများစတင်စိုက်ပျိုးလျက်ရှိပါသည်။ကျောက်ဆည်ခရိုင်အတွင်းတွင်မိုးစပါးစိုက်ပျိုးမှုအနေဖြင့်၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၄၉၉၀၁)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉၁၇၁)ဧက ၊ မြစ်သားမြို့နယ်တွင် (၅၄၈၆၄) ၊ စုစုပေါင်း(၁၃၃၉၃၆)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ အဓိကထား စိုက်ပျိုးသော မိုးစပါးမျိုးမှာ ဧရာပဒေသာစပါးမျိုး ဖြစ်ကြောင်း၊ မျိုးစပါး စျေးနှုန်းအနေဖြင့် စပါးတစ်တင်းလျှင်(၄၅၀၀၀-၅၀၀၀၀)ကျပ်ခန့် ပေါက်စျေး ရှိကြောင်း ၊ (၁)ဧက စိုက်ပျိုးရန်အတွက် စပါးမျိုး(၂-၃)တင်းခန့် စိုက်ပျိုးရကြောင်း ၊ ပတ်ကြဲ စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် (၈၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ပျိုးထောင် မိုးစပါး စိုက်ပျိုးမှုတွင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၁၀၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ယခင်နှစ်အထွက်နှုန်းအနေဖြင့်တင်း(၈၀/၈၅)တင်းခန့်ထွက်ရှိကြောင်း၊ ပါးဈေးနှုန်း  အနေဖြင့် ဧရာပဒေသာတင်း(၁၀၀)လျှင် (၂၉၀၀၀၀၀/-၃၀၀၀၀၀၀/)ကျပ် ၊ မနောသုခတင်း (၁၀၀) လျှင်(၁၇၀၀၀၀၀/-)ကျပ် ရရှိကြောင်း ၊ ယခုအချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် မိုးစပါးများ ကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းလျှရှိကြောင်း၊မိုးစပါးများထွက်ပေါ်ခြင်းမရှိသေးသော်လည်းစပါးဈေးနှုန်းအနေဖြင့်ဧရာပဒေသာတင်း(၁၀၀)လျှင် (၃၈၀၀၀၀၀-၄၀၀၀၀၀၀) ကျပ် ၊ မနောသုခ တင်း(၁၀၀)လျှင်(၂၅၀၀၀၀၀-၃၀၀၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ ဈေးကွက်အနေ ဖြင့် စပါးထွက်ပေါ်ချိန်တွင် တောင်သူများထံသို့ ပွဲစားများမှ တိုက်ရိုက်လာရောက် ဝယ်ယူကြ ကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များမှ လည်းကြိတ်ခွဲရောင်းချရန် လာရောက်ဝယ်ယူကြကြောင်း ၊ စပါးထွက်ပေါ်ချိန်တွင် ဈေးနှုန်းများ ကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်မှာ ဖြစ်ကြောင်း တောင်သူတစ်ဦး၏ပြောကြားချက် အရသိရှိရပါသည်။

DOCA(မန္တလေး)