ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ဒီဇင်ဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လုပ်ငန်းရှင်ပေါင်း(၃၀)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၄)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၅၆) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၁၉၃) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

              ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား အင်ဒိုနီးရှား၊ ဂျပန်နှင့် အိုင်ယာလန်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် နှမ်းနက်(သိပ္ပံ)၊ နှမ်းနက်(ရိုးရိုး)၊ မြေပဲ ဖတ်၊ နှမ်းဖြူဖတ်၊ နှမ်းဖတ်၊ ငြုပ်၊ ရှောက်ဘီလူး၊ ဆန်ဖြူ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲတီစိမ်းအခွံချွတ်ခွဲခြမ်း၊ ပဲတီစိမ်းအခွံပါ ခွဲခြမ်း၊ ကော်ဖီ‌စေ့၊ ထောပတ်ပဲနှင့် စားအုန်းဆီတို့၏ ဓာတု အရည်အသွေး၊ ပိုးသတ် ဆေးကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းကိုလည်းကောင်း၊ ပြည်ပ နိုင်ငံ များမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲ စမ်းသပ် ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

            ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၇) ခု၊  မှိုဆိပ်ဆိုင်ရာဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၂) ခု၊ ဆီနှင့်ဆီထွက် သီးနှံဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၄၉) ခုနှင့် သီးနှံ(ဓာတု)ဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲ စမ်းသပ်မှု (၁၅)ခု၊ စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၁၉၃) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ