ကယားပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ တတိယသုံးလပတ် လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများ

Powered by Drupal

    စာသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန်နှင့်ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက်သော်လည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ သိရှိစေရန်အတွက်သော်လည်းကောင်း၊ အခွင့်အရေးများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက တောင်းဆိုရယူတတ်စေရန်ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း စွမ်းရည်ပြည့်စေရန် သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေး စိစစ်ဆောင်ရွက်ပေးခြင်း၊ Online စနစ်ဖြင့် Talk Show များ ဆွေးနွေးဆောင်ရွက်ခြင်း၊ အငြင်းပွားမှုများ အရေးဆိုတိုင်တန်းလာပါက ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် စားသုံးသူရေးရာကော်မတီအစည်းအဝေးများ ကျင်းပပြုလုပ်ခြင်း စသည့်လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် ကာလဒေသအခြေအနေအရ ပြည်နယ်တစ်ခုလုံးလွှမ်းခြုံနိုင်မှု မဆောင်ရွက်နိုင်သော်လည်း လုပ်ငန်းများဆောင်ရွက်နိုင်သည့် လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ် မြို့ပေါ် ရပ်ကွက်များအတွင်းရှိဈေးများ၊ စာသင်ကျောင်းများ ၊ စတိုးဆိုင်၊ ကုန်စုံဆိုင်များ၊ လည်ပတ်လျက် ရှိသည့်ဆီစက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ စသည်တို့ထံသို့သွားရောက်၍ အသိပညာပေးခြင်း၊ ဆွေးနွေးခြင်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောက်ရွက်လျက်ရှိပါသည်။

       ၂၀၂၂ခုနှစ်၊ အောက်တိုဘာမှဒီဇင်ဘာလအထိ တတိယသုံးလပတ်ကာလအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဌာနဆိုင်ရာများတွင်(၁)ကြိမ်၊ Online စနစ်ဖြင့် Talk Show (၂)ကြိမ်၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း(၂)ကြိမ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း(၁၂)ကြိမ်၊ ကော်မတီအစည်းအဝေး(၁)ကြိမ်ဆောင်ရွက်ခဲ့ပါသည်။ ကုန်အညွန်းအမှတ်အသား     ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်(၁)ဦးမှကုန်စည်အမျိုးအစား (၂)မျိုးအား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်ပါ အချက်အလက်များနှင့်ကိုက်ညီမှုရှိကြောင်း အတည်ပြုပြန်ကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည်ဖြစ်၍ သက်ဆိုင်ရာ အစိုးရဌာန၊ အသင်းအဖွဲ့၊ လုပ်ငန်းရှင်များဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူသုံးစွဲတတ်လာပြီး၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ကျင့်ဝတ်၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အတူ အရည်အသွေးပြည့်မီပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးတင်သွင်းရောင်းချပါကဒေသတွင်း စီးပွားရေး ပိုမိုတိုးတက်လာဖြစ်ပြီး ဈေးကွက်ဝေစုများပိုမိုရရှိကာ ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်မှာလည်း ပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ကယား)