ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မဲဇလီ (အ.ထ.က) အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်အသိပညာပေးနှင့် စားသုံးသူတို့အခွင့်အရေးကို သိရှိနားလည်စေရန် ဟောပြောဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူတို့၏ အခွင့်အရေးကို သိရှိနားလည်ထားရန်၊ အခွင့်အရေးကိုသိရှိပြီး၊ စားသုံးသူတို့၏ လိုက်နာရမည့်တာဝန်များကိုလည်း လိုက်နာဆောင်ရွက်ကြရန်၊ မိမိတို့ဝယ်ယူအသုံးပြုနေသော ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင်သော ကုန်စည်များကို ရွေးချယ်အသုံးပြုတက်စေရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အခြားသောမိတ်ဖက်ဌာနများကလည်း လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန် ဦးဆောင်ဆွေးနွေးသော အလေ့အထများ၊ ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်တက်စေရန်၊ ရသစာပေများ ဖတ်ရှုပြီး လူငယ်နှင့် စာပေ၊ ယဉ်ကျေးမှု၊ အားကစား၊ လူ့ငယ်တို့၏ အခွင့်အရေးများ၊ ITခေတ် စသည့်ဖြင့် ဆွေးနွေးအပြန်အလှန် မေးမြန်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)