သောက်ရေသန့်စက်ရုံသို့ကွင်းဆင်းဆောင်ရွက်

Powered by Drupal

        ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ ရွှေကယားသောက်ရေသန့်စက်ရုံ သို့ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်ပြည်နယ်ဦးစီးမှူးကစက်ရုံသန့်ရှင်းမှုရှိမရှိ၊သောက်ရေသန့် ထုတ်လုပ်ရာတွင် ကျန်းမာရေးနှင့်ညီညွတ်မှု ရှိ မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိမရှိနှင့် ထုတ်လုပ်ရောင်းချမှု အခြေအနေအားလည်းကောင်း၊ ဈေးနှုန်းဈေးကွက်အခြေအနေအားလည်းကောင်း၊ ထုတ်လုပ်မှုအခြေအနေအားလည်းကောင်း၊ လုပ်သားအခြေအနေအားလည်းကောင်း ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကယား)