မအူပင်မြို့နယ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊  မအူပင်မြို့နယ် ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂.၁.၂၀၂၃) ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ဆေးမျိုးစုံရောင်းချသည့်ဆိုင်များအား မိတ်ဖက်ဌာနဖြစ်သော FDA၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့ပေါ်ရှိ ဆေးအမျိုးမျိုးရောင်းချနေသော ဆေးဆိုင် (၈)ဆိုင်မှ ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်အမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များကို ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာမြစ်ထားသော ဆေးဝါးများရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ ဆေးဆိုင်ရှင်များကိုလည်း ကုန်အညွှန်အမှတ်အသား သတ်မှတ်ချက်ပြည်စုံစွာ ဖော်ပြထားခြင်းမရှိသော ဆေးဝါးများကို မရောင်းချရန်၊ ဌာနတို့၏ တားမြစ်ကုန်စည်များကိုလည်း မရောင်းချရန်နှင့် သတ်မှတ်ချက် စည်းကမ်းများနှင့် မကိုက်ညီသော ကုန်စည်များကို ရောင်းချခြင်းမျိုးစစ်ဆေး တွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်း၊ ပြစ်မှု၊ပြစ်ဒဏ်များ ခံရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်တို့ လိုက်နာရမည့်တာဝန်များ၊ စစ်ဆေးရေးအရာရှိတို့၏ လုပ်ငန်းတာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)