ပန်းတနော်မြို့ ရွှေရောင်လင်းဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၆.၁.၂၀၂၃) နေ့ (၁၁:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့ အင်းမကျေးရွာရှိ ရွှေရောင်လင်းဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းခဲ့ကြပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စက်ပိုင်ရှင် ဦးကျော်မျိုးလွင်နှင့်တွေ့ဆုံ၍ စပါးဝယ်ယူရရှိမှု အခြေအနေများ၊ စပါးစက်ကြိတ်ခွဲထွက်ရှိမှု အခြေအနေများ၊ စက်စွမ်းအားအသုံးပြုမှု အခြေအနေများ၊ ထွက်ရှိလာသော ဆန်များကိုရောင်းချမှု၊ တင်ပို့မှု ရန်ကုန်ဈေးကွက်အခြေအနေများ၊ ဈေးကွက် ဈေးနှုန်းများအကြောင်းကို မေးမြန်းပြီး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ လုပ်ငန်းရှင်တို့၏ လိုက်နာရမည်တာဝန်များ၊ တားမြစ်ချက်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များအကြောင်း အလေးချိန်၊ တင်းတောင်းပြည့်ဝမှန်ကန်းစွာ ရောင်းဝယ်နိုင်ရေးကို ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းခွင် အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)