ရွှေဘိုပေါ်ဆန်း G.I ရရှိရေး ဆောင်ရွက်မှုများ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ နှစ်စဉ်မိုးစပါးစိုက်ပျိုးရာသီတွင် ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးမှုများပြီး အရည်အသွေးကောင်းမွန်သဖြင့် ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေးအတွက် ပြင်သစ်နိုင်ငံ AFD(France Development Agency)၏ ထောက်ပံ့ကူညီမှုဖြင့် Recognition and Promotion of Geographical indication in Cambodia, Lao PDR and Myanmar (မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဒေသဆိုင်ရာအညွှန်းများကို အသိအမှတ်ပြုခြင်းနှင့် မြှင့်တင်ခြင်းစီမံကိန်း)ကို GRET Myanmarအဖွဲ့အစည်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။  ယခုလက်ရှိ အချိန်တွင် ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေး ဆောင်ရွက်မှုအနေဖြင့် ရွှေဘိုမြို့ ဦးအောင်မြတ်လမ်းနှင့် ရွှေချက် သိုဘုရားလမ်းထောင့်၊ အနောက်ဈေးရပ်၊ အမှတ်(၄)နယ်မြေတွင် ဌားရမ်းထားသည့် ရွှေဘိုပေါ်ဆန်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရုံးတွင် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှတာဝန်ရှိသူများနှင့်  G.Iပညာရှင်များ အပတ်စဉ်သောကြာနေ့တိုင်း Zoomဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆောင်ရွက်ခြင်း၊ ရွှေဘိုပေါ်ဆန်း (G.I)ရရှိရေးတွင် အဓိကအရေးပါသည့် ရွှေဘိုပေါ်ဆန်း အရည်အသွေးမှတ်တမ်း (BOS) Book Of Specifications Version-0အတည်ပြု သတ်မှတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၁ခုနှစ်တွင် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများ အသင်းရုံး၌ လည်းကောင်း၊ ၂၀၂၂ခုနှစ်၊ မေလ (၁၅) ရက်နေ့တွင် Version-0 မှ Version-1သို့ အတည်ပြုသတ်မှတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ရွှေဘိုမြို့ရှိ ရွှေဘိုဟော်တယ်၌ ရွှေဘိုပေါ် ဆန်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်းမှ စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူဦးကြီးများ၊ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်များနှင့်ရွှေဘိုပေါ်ဆန်း(G.I)စီမံကိန်းမှ National Project Coordinator၊ Technical Assistant၊ Regional Project Coordinator၊  Admin Officer၊ Extension Officer စုစုပေါင်း(၄၃)ဦးဖြင့် အောင်မြင်စွာကျင်းပပြီးစီးကြောင်း၊ ဆက်လက်၍ Final Version သို့တိုးမြှင့်သတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့တွင် ရွှေဘိုမြို့ရှိ ရွှေဘိုဟော်တယ် တွင်ကျင်းပခဲ့ပြီး ဆန်စက်ပိုင်/ဆန်ကုန်သည်နှင့် အကျိုးဆောင်တောင်သူဦးကြီးများ စုစုပေါင်း(၆၀)ဦးဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း၊  ရွှေဘိုပေါ်ဆန်းG.Iရရှိရေး စီမံကိန်းသက်တမ်းမှာ(၃)နှစ်ဖြစ်သော်လည်း (၂၀၂၀ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ခုနှစ်၊ ဇွန်လအထိတိုး  မြှင့်ထားကြောင်း၊ ယခုအချိန်တွင် စီမံကိန်းကာလမှာ အနည်းငယ်သာ ကျန်ရှိတော့သည့်အပြင် တာဝန်ရှိသူများမှ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသဖြင့်   (G.I)ရရှိရေး ဆောင်ရွက်ရမည့် လုပ်ငန်းများမှာလည်း (၇၅)% ပြီးစီးပြီဖြစ်ကြောင်းနှင့် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်း ချသူများ အသင်းအနေဖြင့် Facebook Page မှ ရွှေဘိုပေါ်ဆန်း စပါး/ဆန် ဈေးနှုန်းများ၊ (၂၀၂၂-၂၀၂၃)ခုနှစ် မိုးရာသီ၏ ရွှေဘိုပေါ်ဆန်းစပါးစိုက်ဧကများ သဖန်းဆိပ်ရေလှောင်တမံ၏ ရေအမှတ်၊ သိုလှောင်ပမာဏ များအား တင်ပေးလျက်ရှိကြောင်း ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေးမှုများအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)