စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးဝမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင် ( ၅ ) ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်း၍ ဆေးဝါး အရောင်းဆိုင်များတွင် DICION-M ပုံစံတူ ဆေးဝါးများဖြစ်သည့် တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ပူးပေါင်းအဖွဲ့များဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ကလေးဝမြို့ပေါ်ရှိ ဆေးဆိုင် ( ၅ ) ဆိုင်တွင် DICION-M ပုံစံတူ ဆေးဝါးများ ရောင်းချမှုမပြုရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများအား စနစ်တကျထားသိုရောင်းချရန်နှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)