ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊   ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဒေါ်နှောင်းနှောင်းဝင်းသည် ၉.၁.၂၀၂၃ ရက်နေ့ နေ့လည် ၁၃း၀၀နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ဗန်းမော်မြို့ပေါ်ရှိလက်လီ/လက်ကား ရောင်းချနေသောကုန်မျိုးစုံဆိုင်များအားကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ် ရေးဥပဒေပါ ပြဌာန်းချက်နှင့်ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါ သည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် COFFEE SHOP (very good)အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင်ဖြန့်ဖြူးရောင်းချခြင်း ရှိ မရှိ ပူးပေါင်းအဖွဲ့များနှင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ တရားဝင်ကော်ဖီမစ်များကိုသာ ဖြန့်ဖြူရောင်းချလျက် ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး  ဘေးအန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်များနှင့် COFFEE SHOP (very good) အမှတ်တံဆိပ်ပါ တရားမဝင်ကော်ဖီမစ်အား ရောင်းချခြင်းမပြု‌ရန် ပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)