မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ် ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်နယ်တာဝန်ခံသည် ၂.၁.၂၀၂၃ ရက်နေ့တွင် မိတ်ဖက်ဌာနဖြစ်သော စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လည်းကောင်း၊ ၃.၁.၂၀၂၃ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဖြစ်သော စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လည်းကောင်း၊ ဓာတ်မြေဩဇာအရောင်းဆိုင် (၂၀) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့် ဓာတ်မြေဩဇာများကို ထိုင်းနိုင်ငံထုတ် အိုင်ပီစီမြင်းပျံဓာတ်မြေဩဇာအတုများ ပြုလုပ် ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံထုတ် အိုင်ပီစီမြင်းပျံဓာတ်မြေဩဇာများ တုပ ရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။

          ထို့နောက် ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ အသေးစိတ်ဖော်ပြ ပါရှိသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှလည်း ဓာတ်မြေဩဇာနှင့်ပတ်သက်သည့် အမိန့်၊ ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)