အင်္ဂပူမြို့နယ်ရှိ စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်  မဲဇလီကုန်းမြို့ရှိ “ရွှေခြင်္သေ့” စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုမှ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊  စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်စံချိန်စံညွှန်းပြည်မီရေး၊ အချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိ ခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ/ချောဆီများ တင်သွင်းရောင်းချခြင်းမပြုရန်၊  ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)