ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ဌာနမှဆောင်ရွက်လျက် ရှိသောလုပ်ငန်းများကိုသိရှိနိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက် လျက်ရှိရာ ဇန်နဝါရီလ(၁၁)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဝက်လက်မြို့နယ်တာဝန်ခံ ဦးမျိုးအောင်သည် ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာရှိ နဒီမြန်မာဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာတွင် ဌာနမှဆောင်ရွက်နေသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စီးပွားရေး လုပ်ငန်းရှင်များ သိရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့်အကြောင်းများ၊ တိုင်ကြားခြင်းအပေါ် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခြင်း အကြောင်းများ၊ အခန်း(၂၃)ပါ တားမြစ်ချက်များအကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)