ပန်းတနော်မြို့ အ.မ.က ကျောင်းတွင် စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိဖို့ အသိပညာပေးဟောပြော

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၃.၁.၂၀၂၃) နေ့ (၀၉:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့ အနောက်ပိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိနိုင်ရေး မိတ်ဖက်ဌာန တိုင်းရင်းဆေးပညာဦးစီးဌာနနှင့်အတူ လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြပါသည်။

        အဆိုပါဟောပြောပွဲတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း ရှင်းလင်းဟောပြောပြီး စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်များအကြောင်း၊ စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင် အဓိပ္ပာယ်၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု၏ အဓိပ္ပာယ်အကြောင်းများကို ရှင်းလင်းဟောပြောပြီး ဈေးကွက်အတွင်းရှိ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအချက်အလက်များ ပါဝင်သောကုန်စည်ကို ဦးစားပေးဝယ်ယူအသုံးပြုတတ်စေရန်၊ စားသုံးသူတို့သည် မိမိတို့အခွင့်အရေးကိုသိရှိ၍ ကုန်စည်ကိုဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှု ရှိလာပါကလည်း စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာသော စားသုံးသူတို့၏ နစ်နာဆုံးရှုံးမှု များကို စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြားနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခဲ့ရသည့် ဖြစ်စဉ်များကို ဥပမာပေးရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများက သိရှိလိုသည်များ မေးမြန်းမှုများကို အပြန်အလှန်ဖြေကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူ (၁၃၂) ဦး၊ ဆရာ/ဆရာမ (၃) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)