ခရီးစရိတ်အကြောင်းသိကောင်းစရာများနှင့် စပ်လျဉ်း၍ ThursdayTalk အခမ်းအနား၌ အသိပညာပေးဆွေးနွေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများ သည် ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ (၁၂) ရက်နေ့၊ ညနေ (၁၄:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ခရီးစရိတ်အကြောင်းသိကောင်းစရာများနှင့် စပ်လျဉ်း၍ ဝန်ထမ်းများအား “ခရီးစရိတ်အကြောင်းသိကောင်းစရာများ ခေါင်းစဉ်” ဖြင့် Thursday Talk အသိပညာပေး ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း ( ၃၃ ) ဦးတက်ရောက်ခဲ့ပါသည်။

        အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံး၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်တိုးတိုးချွန်က  မြန်မာနိုင်ငံ ခရီးစရိတ်နည်းဥပဒေသည် ၁၉၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်အာဏာတည်ပြဌာန်းခဲ့သည့် နည်းဥပဒေဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ခရီးစရိတ်လက်စွဲဥပဒေ အပိုဒ် (၃) တွင် ခရီးသွားသည့် ဝန်ထမ်းကိုယ်တိုင် ပြုလုပ်ဆောင် ရွက်ရခြင်း၊ ပြည်သူအကျိုးအတွက် ခရီးသွားမှုအမှန်ဖြစ်ခြင်း၊ ခရီးသွားရမည့်အကြောင်းပြချက် ခိုင်လုံမှု ရှိရမှာဖြစ်ခြင်း၊ ခရီးစရိတ်တောင်းခံလွှာများကို ပြန်တမ်းဝင်အရာထမ်းများအတွက် TF-45 နှင့် အမှုထမ်း များအတွက် TF-46 စသည့် ပုံစံများဖြစ်ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ ခရီးစရိတ်ရေးဆွဲရာတွင် အထောက် အထားများပူးတွဲဖော်ပြရန် လိုအပ်ကြောင်း၊ ခရီးစရိတ်အမျိုးအစားများမှာ ယာဉ်စရိတ်၊ ပုံသေခရီးစရိတ်၊ နေ့တွက်စရိတ်၊ မိုင်နှုန်းစရိတ်၊ ယာဉ်ခများနှင့် အမှန်ကုန်ကျစရိတ်များဖြစ်ပါကြောင်း၊ စားမေးပွဲ ဖြေဆိုရန်သွားသည့် ခရီးစရိတ်အတွက် ရပ်နားသောနေ့ရက်များတွင် နေ့တွက်စရိတ် ခွင့်မပြုပါကြောင်း၊ ပြောင်းရွေ့ခရီးစရိတ်တွင် မိမိဆန္ဒအလျှောက်လျှောက်ထားသဖြင့် ပြောင်းရွေ့ခံ ရခြင်း၊ အကျင့်စာရိတ္တ ပျက်ပြားမှုကြောင့် ပြောင်းရွေ့ခံရခြင်းမဟုတ်လျှင် ခံစားခွင့်ရှိပါကြောင်း၊ ဝန်ထမ်းများ အဆင့်အလိုက် သယ်ယူခွင့်ရှိသော အိမ်ထောင်ပစ္စည်းနှင့် အခြားသယ်ယူခွင့်ရှိသည့် ပစ္စည်းများ၏ ကုန်ကျစရိတ်များကို တွက်ချက်ခွင့်ပြုပေးကြောင်း စသည့်အချက်များကို ရှင်းလင်းပြောကြားခဲ့နောက် တက်ရောက် လာကြသည့် ဝန်ထမ်းများကလည်း သိရှိလိုသည်ကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပြီး ညနေ (၁၅:၀၀) နာရီအချိန်တွင် ThursdayTalk  ဆွေးနွေးခြင်းအား အောင်မြင်စွာပြီး မြှောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ိကိုင်း)