မြိတ်မြို့၊ ရွှေပေးရွာ၊ အခြေခံပညာအထက်တန်း‌ကျောင်း(ခွဲ) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

         တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့သည် (၁၂.၁. ၂၀၂၃)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်တွင် မြိတ်မြို့၊ ရွှေပေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့သွားရောက်၍ ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲတွင်  စားသုံးသူရေးရာဦးစီးဌာနမှ ဌာနဖြစ်ပေါ်လာပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ နစ်နာဆုံးရှုံးမှုများ၊ တိုင်ကြားမှုများနှင့် စားသုံးသူဥပ‌ဒေပါ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သုံးစွဲရန်မသင့်သော စားသောက်ကုန်များအကြောင်း၊ အစား အသောက်ဘေးကင်းလုံခြုံရေးအတွက်အချက်(၅)ချက်နှင့် ဓါတုဆေးများအကြောင်း ၊  ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အစားအသောက်၊ အလှကုန်၊ လူသုံးကုန်များခွင့်ပြုချက်အား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်ပြီး၊ အသေးစားလူသုံးကုန်ပစ္စည်းထုတ်လုပ်မှု များအား မြိတ်ခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ သင်ကြားပေးနေကြောင်း အစားအသောက်များ ရွေးချယ်ဝယ်ယူစားသောက်ရာတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသော စားသောက်ကုန်များသာ ရွေးချယ်ဝယ်ယူရန်တို့ကိုဟောပြောပို့ချပြီး၊ ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရန်အတွက် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင်  သက်တမ်းလွန် စားသောက်ကုန်များနှင့် စားသောက်ရန်မသင့်သောစားသောက်ကုန်များအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များသာ ရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များသာ ရောင်းချရန် ပြောကြား၍ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)