တောင်တွင်းကြီးမြို့ပေါ်ရှိစားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက်(၁၀.၁.၂၀၂၃)ရက်နေ့ နေ့လယ်(၁၂:၀၀)နာရီ အချိန်တွင် တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေး(ဒု-ဦးစီးမှူး)သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပါဝင်သော အဖွဲ့ဖြင့် မြို့မဈေးအတွင်းကုန်စုံဆိုင်များ၌ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့် ထုတ်ပြန်ထားသော စားသောက်ကုန်များအား ဈေးကွက်အတွင်းရောင်းချနေမှု ရှိ/မရှိနှင့်  ဌာန၏ကုန်အညွှန်း အမှတ်အသားဖော်ပြချက် ပြည့်စုံမှု ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ထုတ်လုပ်ဖြန့်ဖြူး‌ရောင်းဝယ်ဖောက်ကားသူ စျေးဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အရ ကုန်စည်အုပ်စု(၈)အုပ်စုတွင် ပါဝင်သောအချက်များ ပြည့်စုံ မှန်ကန်စွာပါရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်း ချက်ပါ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါအချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည် ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေးပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)