အမ်းမြို့နယ်မှ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

      ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တပ်တောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်း၌ (၁၅-၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) အချိန်တွင် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ၎င်းဆွေးနွေးပွဲသို့ တပ်တောင်မြို့ အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် MSME လုပ်ငန်းရှင် ( ၁၀ ) ဦး တက်ရောက်ခဲ့ပါသည်။

   ထိုသို့ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်(ဒု-ဦးစီးမှူး) မှ အမ်းမြို့နယ်၊ တပ်တောင်မြို့ MSME လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ (၄၁)ပါ ပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွား ကြရန်နှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင်  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး  ထိုသို့ဖော်ပြရာတွင်လည်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်ပါအတိုင်း လိုက်နာဆောင်ရွက်ကြရန် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)