ဖျာပုံမြို့နယ်MSMEsလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဖယောင်းတိုင်လုပ်ငန်းသို့ ကွင်းဆင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ဖျာပုံမြို့နယ်၊ မြို့နယ်စစ်ဆေးရေးမှူးသည် ဇန်နဝါရီ(၁၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဖျာပုံမြို့ ထွန်းတောက် ဖယောင်းတိုင်လုပ်ငန်းသို့ သွားရောက်၍ ထုတ်လုပ်မှုနှင့်ဈေးကွက်ဖြန့်ဖြူးမှု၊ ဈေးနှုန်းဈေးကွက်အခြေအနေများ၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းများစနစ်တကျ ထုပ်ပိုးမှုနှင့်  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ ဖယောင်းတိုင်လုပ်ငန်းပိုင်ရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့မှုအရ ကုန်ကြမ်းပစ္စည်းများကိုဝယ်ယူရာတွင် ရန်ကုန်ဘုရင်နောင်ပွဲရုံမှ 50kgရှိ တစ်အိတ်လျှင် (၂၄၅၀၀၀)ကျပ် ဝယ်ယူရရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအနေဖြင့်ကျပ်သိန်း၂၀၀ခန့်ရှိကြောင်း၊ ထုတ်လုပ်မှုဖြစ်စဉ်အနေဖြင့် ပထမဦးစွာ ဖယောင်းအရည်ကျိုပြီး ဖယောင်းခုံခွက်ထဲသို့ အရည်ကို လောင်းထည့်ရကြောင်း၊ လောင်းပြီးသားအရည်ခြောက် လျှင် ဓားဖြင့် ဖယောင်းတိုင်ချည်ကြိုးကို ဖြတ်ပြီး လက်ဖြင့်မောင်းတံကို လှည့်ကာတင်ရကြောင်း၊ ထိုအခါဖယောင်းတိုင်များ အပြင်သို့ ထွက်လာပြီး ထွက်ရှိလာသော ဖယောင်းတိုင်များကို ဖယောင်းခုံပေါ်ရှိ ဗန်းပေါ်သို့ တင်ရကြောင်း၊ တင်ပြီးလျှင် မောင်းတံအားအောက်သို့ ပြန်ချပြီး အတိုင်ညှိ၍ ချည်တွဲပြီးလျှင် ဖယောင်းတိုင်များထွက်လာပြီး သိမ်းယူကာအထုပ်ထဲသို့ထည့်၍ Packingထုပ်ပိုးရရှိကြောင်း၊ လုပ်သားခအနေဖြင့် တစ်နေ့လျှင် ၅၀၀၀ကျပ်နှုန်းဖြင့် အလုပ်သမား(၅)ယောက်ရှိ ကြောင်း၊ ထုပ်ပိုးမှုအနေဖြင့် ဖယောင်းတိုင်တစ်ထုပ်လျှင် အကြီး ၆ တိုင်၊ အလတ် ၆ တိုင်၊ အသေး ၁၅ တိုင်နှင့်၃၂တိုင်ပါသော ဖယောင်းတိုင်များကို ထုပ်ပိုးပြီး ဈေးနှုန်းအနေဖြင့် ၅၀၀/၆၀၀ကျပ်ခန့် ရှိကြောင်းသိရှိရပါသည်။ထို့နောက်အဆိုပါ လုပ်ငန်းရှင်အား MSMEsလုပ်ငန်းများဖွံ့ဖြိုးတိုး တက်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ဥပဒေပြဌာန်းချက်များအား ရှင်းလင်းဆွေးနွေးကာ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)