သထုံမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ၁၃.၁.၂၀၂၃ ရက်နေ့တွင် သထုံမြို့နယ်ရပ်ကွက်ပေါ်ရှိ ဆေးဆိုင် (၁၅) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် New Magnate Co,Ltd မှ ဆေးဝါးတစ်မျိုး ဖြစ်သော Diclon-M Tablet (Diclofenac Sodium 50mg, Paracetamol 500g) နှင့် ပုံစံတူ ဆေးဝါးများကို မှတ်ပုံတင်ထားခြင်းမရှိဘဲ ဈေးကွက်အတွင်း တရားမဝင် ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ Diclon-M နှင့် ပုံစံတူတရားမဝင်ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)