ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊  မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးဘောမ်ဇုန်းသည် ၁၃.၁.၂၀၂၃ရက်နေ့ နံနက် ၁၁း၀၀နာရီအချိန်တွင်  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍   မြစ်ကြီးနားမြို့၊   စည်ပင်သာယာ ရေစင်ဈေးအတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်နှင့်ကိုက်ညီမှုရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် COFFEE SHOP (very good)အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင်ဖြန့်ဖြူးရောင်းချခြင်း ရှိ မရှိ ပူးပေါင်းအဖွဲ့များနှင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ တရားဝင်ကော်ဖီမစ်များကိုသာ ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး  ဘေးအန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်များ နှင့် COFFEE SHOP (very good) အမှတ်တံဆိပ်ပါ တရားမဝင်ကော်ဖီမစ်အား ရောင်းချခြင်းမပြု‌ရန် ပြောကြားခဲ့ပြီး ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)