ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦး‌ကျော်မိုးလွင်သည် ၉.၁.၂၀၂၃ ရက်နေ့ နေ့လယ် ၁၄း၀၀နာရီအချိန်တွင် မိုးညှင်းမြို့၊မိုးဒါးစုရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်နှင့်ကိုက်ညီမှု ရှိ၊မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် JOKER အမှတ်တံဆိပ်ပါ မုန့်ကြွပ်တွင် ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာ ဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊အရွယ်အစား ၊ အရေအတွက်၊အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်စသည့်အချက်များ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိခြင်းရှိ၊မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)