ဖြူးမြို့ ထန်းကုန်း အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

       ဖြူးမြို့ ထန်းကုန်း အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

       အဆိုပါဟောပြောတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးမှ စားသုံးသူရေးရာဦးစီးဌာနအား မိတ်ဆက်ပြောကြားပြီး ၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လက်ရှိ လုပ်ဆောင်နေသော လုပ်ငန်းများအား ရှင်းလင်းပြောကြားခြင်း၊ ဈေးကွက်အတွင်း ကုန်စည်များအား မြန်မာစာကုန်ညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဌာနမှ စုံစမ်းစစ်ဆေးရေးမှူးများက ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား လုပ်ဆောင်ရကြောင်းနှင့် စားသုံးသူပြည်သူများအနေဖြင့်လည်း မည်သည့်ကုန်ပစ္စည်းကိုမဆို ဝယ်ယူမည်ဆိုလျှင် မြန်မာစာကုန်အညွှန်းအမှတ်အသား ပြည့်စုံမှသာ ဝယ်ယူသုံးစွဲရမည်ဖြစ်ကြောင်းကိုလည်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကျောင်းသားကျောင်းသူများအား  ရှောင်လေဝေးဝေးမူးယစ်ဆေး ခေါင်းစဉ်ဖြင့် မူးယစ်ဆေး၏ ဆိုးကျိုးများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲတွင် အလက (ခွဲ) ထန်းကုန်းကျောင်းမှ ကျောင်းသား/သူပေါင်း (၂၀၀) ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)