ကယားပြည်နယ်သည် စပါး၊ ပြောင်း၊ နှမ်းတို့ကို အဓိကစိုက်ပျိုးကြလျှက်ရှိပါသည်။ ရွှေရင်အေးစပါးစိုက်ပျိုးရာတွင် ပျိုးထောင်ချိန်ရက်(၄၀)ခန့်နှင့် စိုက်ပျိုးချိန်မှစပြီး ရိတ်သိမ်းချိန်ထိကို (၁၀၅)ရက်ခန့်ကြာမြင့်၍ စုစုပေါင်း(၁၄၅)ရက်ခန့် ကြာမြင့်ပါသည်။ စပါးမစိုက်မီ မြေသားပြုပြင်ရာတွင် စက်ကြီးဖြင့်(၂)ခေါက်၊ စက်ငယ်ဖြင့်(၁)ခေါက် ရေသွင်း၍လည်းကောင်း ပြုပြင်ပေးရပါသည်။ မြေသားပြုပြင်ပြီးနောက်တွင် မျိုးမကြဲမီ ရေသွင်းပေးရပါသည်။ ရက်(၃၅၊၄၀) ခန့်ကြာပြီးနောက် ပျိုးနုတ်ခြင်း၊ ကောက်စိုက်ခြင်း ပြုလုပ်ရပါသည်။ ထိုသို့စိုက်ပျိုးသည့်နေ့ရက် မှစ၍ (၁၀)ရက်နှင့် (၁၅)ရက်အကြားတွင် ဓါတ်မြေဩဇာတစ်ကြိမ်ဖျန်းပေးရပြီး ထိုသို့ဖျန်းပြီးသည့်ရက်မှ(၂၅)ရက်နှင့်(၃၀)ရက်အတွင်းတွင်လည်း ဒုတိယအကြိမ် ဓါတ်မြေဩဇာထပ်မံဖျန်း ပေးရပါသည်။ ထိုနောက် ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများကိုလည်း ဖြန်းပေးရပါသည်။ စိုက်ပျိုးသည့်နေ့ရက်မှစပြီး ရက်(၁၀၀)နှင့်(၁၀၅)ရက်ခန့်တွင် ရိတ်သိမ်းနိုင်ပါသည်။ တစ်ဧကအထွက်နှုန်းသည် မျိုးကောင်းပြီး စပါးအထွက်ကောင်းပါက တင်း(၈၀)မှ တင်း(၉၀)အထိ ထွက်ရှိနိုင်ပါသည်။ တစ်ဧကအကျိုးအမြတ်သည် စပါးဈေးနှုန်းပေါ်မူတည်၍ စပါးဈေးနှုန်းမြင့်လျှင် အကျိုးမြတ်များမည်ဖြစ်ပြီး စပါးဈေးနှုန်းနိမ့်ကျလျှင် အကျိုးအမြတ်နည်းမည်ဖြစ်ပါသည်။ရွှေရင်အေး စပါးစိုပျိုးထုတ်လုပ်လျှင် တစ်ဧကစုစုပေါင်းကုန်ကျစရိတ်မှာ အောက်ပါအတိုင်း ကုန်ကျနိုင်ပါသည်။
DOCA(ကယား)