ရမည်းသင်းခရိုင်၊ပျော်ဘွယ်မြို့နယ်အတွင်းရှိ လုပ်ငန်းသစ်ထူထောင်သည့် ကုမ္ပဏီအား စစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ်  (၁၃:၀၀)နာရီချိန်တွင် ပျော်ဘွယ်မြို့နယ်ရှိ  Eden Hein Co.,Ltd  ကုမ္ပဏီအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ လမ်းညွှန်ချက်များအရ “ လုပ်ငန်းသစ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းခိုင်မာစွာ ပြဌာန်းနိုင်ခြင်းမရှိသည့် ကုမ္ပဏီများအတွက် မြေပြင်စစ်ဆေးရေးအဖွဲ့များဖြင့် စိစစ်ပြီးမှသာခွင့်ပြုသွားရန်” လမ်းညွှန်ခဲ့မှုအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။

         ကွင်းဆင်းဆောင်ရွက်မှုတွင် ခရိုင်ဦးစီးမှူးသည် ကုမ္ပဏီတည်ထောင်ထားမှုနှင့် ပတ်သက်၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လျှောက်ထားသည့် ကုမ္ပဏီများစိစစ်ရေးအဖွဲ့မှ စိစစ်မည့်ပုံစံတွင် ပါရှိသည့်အချက်များဖြစ်သော ကုမ္ပဏီအမည်၊ ရုံးခန်းလိပ်စာ၊ ဒါရိုက်တာအဖွဲ့ဝင်များ၏ မှတ်ပုံတင်နှင့် နေရပ်လိပ်စာ၊ ကုမ္ပဏီရုံးခန်းလိပ်စာတွင် အမှန်တကယ်ဖွင့်လှစ်ထားခြင်း ရှိ/မရှိနှင့် အမှန်တကယ်နေထိုင်မှု ရှိ/မရှိ၊ အဖွဲ့ဝင်များနေထိုင်သည့် အဆောက်အဦးအမျိုးအစားနှင့် ပိုင်ဆိုင်မှုအခြေအနေ၊ ယခင်က ကုမ္ပဏီတည်ထောင်ခဲ့ခြင်း ရှိ/မရှိ၊ ကုမ္ပဏီမှလျှောက်ထားမှုလုပ်ငန်းနှင့် လက်ရှိမြေပြင်တွင် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေ၊ ဆောင်ရွက်သည့်လုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ ကုမ္ပဏီ၏ ပတ်ဝန်းကျင်အနေအထား စသည့်အချက်အလက်(၁၁)ချက်ကို သတ်မှတ်ပုံစံအတိုင်း မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)