ပုဗ္ဗသီရိမြို့နယ်၊ (ဖြုတ်ခွဲကျေးရွာ)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်အနေဖြင့် (၁၂-၁-၂၀၂၃)ရက်နေ့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ပုဗ္ဗသီရိမြို့နယ်၊ (ဖြုတ်ခွဲကျေးရွာ) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသွင်၊ ရုံးအုပ်က စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးမြင့်နိုင်၊ ဦးစီးမှူးက စားသုံးသူများ နစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/သူ၊ ဆရာ/ဆရာမ စုစုပေါင်း(၇၈)ခန့် တက်ရောက်ခဲ့ပြီး နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် ရုတ်သိမ်းကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)