COFFEE SHOP (Very good)အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသော စားသောက်ကုန်များကို ဈေးကွက်အတွင်း ရောင်းဝယ်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့ နေ့လယ် (၁၄:၃၀)နာရီ အချိန်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁/၂/၃/၅)နှင့် ယန်းလောအုပ်စုအတွင်းရှိ လက်လီကုန်စုံဆိုင်များတွင် Coffee Shop (Very good)အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသော စားသောက်ကုန်များကို ဈေးကွက်အတွင်း တရားမဝင်ရောင်းဝယ်ဖောက်ကားမှု ရှိ/မရှိ ကွင်းဆင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကျိုင်းတုံမြို့၊  ရပ်ကွက်အတွင်းရှိ လက်လီရောင်းချလျက်ရှိသော ကုန်စုံဆိုင် (၆)ဆိုင်ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Coffee Shop (Very good)အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသော စားသောက်ကုန်များအား ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။   

     ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ရပ်ကွက်လက်လီ အရောင်းဆိုင်ရှင်များအား Coffee Shop (Very good)အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသော စားသောက်ကုန်များကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ တရားမဝင် တားမြစ်ထားသော ကုန်စည်များကို ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ခြင်း စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ“စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)