တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်ကြသော ပြည်သူကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများနှင့် ပူးပေါင်း၍ ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ထားဝယ်မြို့ပေါ်ရှိ ကမြောကင်းလမ်း၊ DDPC Shopping Centre နှင့် ဆန်ချီရပ်၊ C.C.C စတိုးဆိုင်များတွင်   Ninolac (နို့စို့ကလေးနှင့် ကလေးငယ်များအတွက်) (ကလေးဖော်စပ်ဖြည့်စွက် စာ)နှင့် Coffee Shop အသင့်သောက်ကော်ဖီမစ်ထုပ်များ စားသုံးရာတွင် အန္တရာယ်ဖြစ်စေသည့် ဘေးအန္တရာယ်ကင်းရှင်းစွာ ‌အသုံးပြုနိုင်စေရန်အတွက် စစ်ဆေးဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် အချက်အလက်များအား မိမိတို့ဌာနတွင် အသေးစိတ်မေးမြန်းဆွေးနွေးနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားကို လာရောက်လျှောက်ထားစေလိုကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)