မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာအသိပညာပေးဟောပြော

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည်(၁၆.၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ (၉)ရပ်ကွက်၊ ဦးမြင့်ရွှေ၏ “မင်းသားပေါင်မုန့်”လုပ်ငန်းနေ့အိမ်၌ မုန့်မျိုးစုံဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ၊ ဒေါ်ခင်စန်း‌အေးက စားသုံးသူကာကွယ်ရေးဥပဒေပါလုပ်ငန်းရှင်များ၏တာဝန်များ၊ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များပြည့်စုံစွာ ဖော်ပြထားရှိရေးနှင့် ကုန်အညွှန်းပြည့်စုံသော ကုန်စည်များကိုသာ ရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ဟူ၍တားမြစ်ထားသော ကုန်စည်များကို ရောင်းချခြင်းမပြုကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များကို လိုက်နာမူမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)