“မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်းရှိ လူသုံးကုန်ပစ္စည်းရောင်းချနေသော ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်သာစည်မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်စျေးတာဝန်ခံများနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် (၀၉၃၀) အချိန်တွင် သာစည်မြို့နယ်၊ မြို့မစျေးအတွင်းရှိ လူသုံးကုန်ပစ္စည်းအရောင်း ဆိုင်များသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပပါသည်။

       စျေးကွက်စောင့်ကြည့်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော ဆပ်ပြာအမျိုးမျိုးနှင့်သွားတိုက် ဆေးများတွင် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ သာစည် မြို့နယ်တာဝန်ခံက ဆိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ထုတ်ပြန်ထား ရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ (၂/၂၀၁၉)အားထုတ်ပြန်ထား ရှိကြောင်း ကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတွဲလျက်ရှိစေ ဖော်ပြရမည့်အချက်အလက်များ ရှင်းလင်းပြောကြား ခဲ့ကြောင်းသိရပါသည်။

DOCA(မန္တလေး)