Thursday Talk အသိပညာပေး ဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၉.၁.၂၀၂၃ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် သတင်း၊ဆောင်းပါးရေးသားမှုဆိုင်ရာ စွမ်းဆောင်ရည်တိုးတက်လာစေရန် Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် သတင်း၊ဆောင်းပါးရေးသားမှုဆိုင်ရာခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။

       အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်နှောင်းနှောင်းဝင်းက သတင်း၊ဆောင်းပါးရေးသားရာတွင် ပါဝင်သင့်သည့် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ သတိပြုရမည့်အချက်များ၊ သတင်းခေါင်းစဉ်ရေးသားရာတွင် ဂရုစိုက်ရမည့်အချက်များ၊ ဌာနခွဲအလိုက်ရေးသားပေးပို့နိုင်သည့် သတင်း၊ဆောင်းပါးအမျိုးအစားများ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ပါသည်။ThursdayTalk အသိပညာပေးဆွေးနွေးပွဲသို့ ဝန်ထမ်း(၅)ဦး  တက်ရောက်ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)