ဖောင်းပြင်မြို့၊ စည်ပင်သာယာဈေးအတွင်း တရားဝင်‌ရောင်းချခွင့်မရှိသည့် ကော်ဖီမစ်များ ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ဖောင်းပြင်မြို့၊ စည်ပင်သာယာဈေးအတွင်းရှိ  ကုန်စုံဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဈေးကွက်အတွင်းရောင်းချနေသည့် စားသောက်ကုန်များအနက် Very Good အမှတ်တံဆိပ်ပါ တရားမဝင်ကော်ဖီမစ်များ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ Coffee Shop ( Very Good ) အမှတ်တံဆိပ်ပါ တရားမဝင် ကော်ဖီမစ်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးရာတွင် ယင်းအမှတ်တံဆိပ်များအား ရောင်းချခြင်း မရှိပါကြောင်းနှင့် မိမိတို့ ရောင်းချသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရောင်းချမှု ပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။   

DOCA(စစ်ကိုင်း)