စစ်ကိုင်းမြို့၌ တရားမဝင်ဆေးဝါးများ ရောင်းချမှုရှိ /မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          New Magnate Co;Ltd မှ ဆေးဝါးတစ်မျိုးဖြစ်သော Diclon-M Tablet ဆေးဝါးများကို အတုပြုလုပ်၍ ရောင်းချခြင်း ရှိ /မရှိ စစ်ဆေးသွားရန် ညွှန်ကြားချက်အရ စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ (၁၇)ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        မင်းမင်း၊ စွယ်စုံ၊ အောင်ဇမ္ဗူ၊ မြန်မာဦး၊ ဗိုလ်ဗိုလ်ဆေးဝါးအရောင်းဆိုင် (၅)ဆိုင်တွင် တရားမဝင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆေးဆိုင်ပိုင်ရှင်များအား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ပုံစံတူဆေးဝါးများအား ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်ဆေးဝါးများနှင့် စံမညီဆေးဝါးများ မရောင်းချရန်၊ ဆေးနှင့် ဆေးပစ္စည်းများရောင်းချရာတွင် သက်ဆိုင်ရာဌာန၏ လိုင်စင်ပါသတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)