“ယှဉ်ပြိုင်မှုဥပဒေအကြောင်းသိကောင်းစရာ”ခေါင်းစဉ်ဖြင့် Thursday Talk  အသိပညာပေးဆွေးနွေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်နေ့၊ နေ့လယ် ( ၁၃:၃၀ )နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ဝန်ထမ်းများယှဉ်ပြိုင်မှု ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ “ယှဉ်ပြိုင်မှုဥပဒေအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း(၁၃)ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမိုးညွန့်ဦးက ယှဉ်ပြိုင်မှုဥပဒေအကြောင်း ဆွေးနွေးရာတွင် ယှဉ်ပြိုင်မှု၏အဓိပ္ပါယ်၊ တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုများ၊ ယှဉ်ပြိုင်မှု၏အကျိုးကျေးဇူးများ၊ ယှဉ်ပြိုင်မှုဥပဒေ လိုအပ်ရသည့်အကြောင်းအရင်းများ၊ ယှဉ်ပြိုင်မှုဥပဒေ၏ သမိုင်းကြောင်းများ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ဥပဒေနှင့် နည်းဥပဒေများ၊ ယှဉ်ပြိုင်မှုဥပဒေတွင်ပါဝင်သော တားမြစ်ချက်များနှင့် အခွင့်အရေးများ အစရှိသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်သည့် ဝန်ထမ်းများကလည်း သိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပြီး နေ့လယ် (၁၄:၃၀)နာရီအချိန်တွင် Thursday Talk ဆွေးနွေးခြင်းအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းနှင့် Thursday Talk အသိပညာပေးဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများ အသိပညာဗဟုသုတများတိုးပွားပြီး ဌာနလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ကယား)