မအူပင်မြို့ အောင်ဟိတ် အ.လ.က ကျောင်းတွင် စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိဖို့ အသိပညာပေးဟောပြော

Powered by Drupal

       (၁၇.၁.၂၀၂၃) နေ့ (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် အောင်ဟိတ်ကျေးရွာရှိ အခြေခံပညာအလယ် တန်းကျောင်းတွင် စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိနိုင်ရေး မိတ်ဖက်ဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့နှင့်အတူ လူငယ် အသိ ပညာပေး ဟောပြော ပွဲပြုလုပ်ခဲ့ကြပါသည်။

        အဆိုပါဟောပြောပွဲတွင် မိတ်ဖက်ဌာနများမှလည်း ၎င်းတို့ဌာနတို့၏ လုပ်ငန်းဆောင်ရွက်ချက်နှင့် အသိပညာဗဟုသုတများကို အသီးသီးအသိပညာပေးဟောပြောခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ် ဦးစီးမှူးဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ကို ရှင်းလင်းဟောပြောပြီး စားသုံးသူ ကာကွယ်ရေးဆိုသည်မှာ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်း နှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းကို ရှင်းလင်းပြီး စားသုံးသူ၏ အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင် အဓိပ္ပာယ်၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု၏ အဓိပ္ပာယ်အကြောင်း၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန် များအကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းများကိုလည်းကောင်း၊ စားသုံးသူတို့သည် မိမိတို့အခွင့်အရေးကိုသိရှိ၍ ကုန်စည်ကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှု ရှိလာပါကလည်း စားသုံးသူ ရေးရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း နှင့် တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခြင်းအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောပြီး ကျောင်းသူ၊ ကျောင်း သားများက သိရှိလိုသည်များ မေးမြန်းမှုများကို အပြန်အလှန်ဖြေကြားခဲ့ပြီး ဆရာ/ဆရာမ ကျောင်းသား/ ကျောင်းသူ (၃၁၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)