ဖြူးမြို့ နတ်ရေကန် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဖြူးမြို့နယ် နတ်ရေကန်အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား /ကျောင်းသူများ သိသင့်သိထိုက်သော အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ယင်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ပါသည်။

       အသိပညာပေးဟောပြောပွဲတွင် စားသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုး မှ စားသုံးသူရေးရာဦးစီဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များ၊  ကုန်စည်နှင့် ဝန်ဆောင်မှုကြောင့် နစ်နာဆုံးရှုံးမှုများ ပေါ်ပေါက်လာပါက စားသုံးသူရေးရာဦးစီးဌာန၊ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ (CICC) ရုံးခန်းများသို့ တိုင်ကြား နိုင်ကြောင်းနှင့် တိုင်ကြားပုံနည်းလမ်းများအားလည်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထို့အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းမှ ကျောင်းသား/သူများအား ရှောင်လေဝေးဝေး မူးယစ်ဆေးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ ကြောင်းနှင့် အသိပညာပေးဆွေးနွေးပွဲသို့ ကျောင်းသား/သူ  ၂၁၅ ဦး တက်ရောက်ကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)