စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

     မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင် ဦးဆောင်သော ဝန်ထမ်းနှင့်အဖွဲ့သည် (၁၇.၁.၂၀၂၃) ရက်နေ့က မော်လမြိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၈)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လျှင် တိုင်ကြားနိုင်မည့် လူပုဂ္ဂိုလ်များ၊ တိုင်ကြားနိုင်မည့် နည်းလမ်းများ ပြန်လည်ကုစားခွင့်ရှိသည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဟောပြောဆွေးနွေးမှု များအပေါ်တွင် ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ မေးမြန်း ဆွေးနွေးမှုအား ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမ စုစုပေါင်း (၁၀)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၂၂)ဦး တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)