ကျောက်တံခါး မုန့်ဖတ်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

      ပဲခူးတိုင်းဒေသကြီးသည် အသေးစား ၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးကူညီလျက်ရှိပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဈေးကွက်ရရှိစေရေး အတွက်လည်း စားသုံးသူရေးရာဦးစီးဌာနမှ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်တံခါးမြို့နယ်တာဝန်ခံ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်တံခါး မြို့နယ်အတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော မုန့်ဖတ်လုပ်ငန်းရှင်နှင့် ၂၀.၁.၂၀၂၃ ရက်နေ့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်တံခါးမြို့နယ်တာဝန်ခံမှ မုန့်ဖတ်ထုတ်လုပ်ရာတွင် ဝယ်ယူရသည့် ကုန်ကြမ်း၏ ဈေးကွက်အခြေအနေ ၊ လုပ်သားအရေအတွက် ၊ လုပ်သားများအား လုပ်သားခပေးချေရမှု အခြေအနေ ၊ အကျိုးအမြတ်ဖြစ်ထွန်းမှု အခြေအနေ ၊ ရောင်းဝယ်ဖောက်ကားမှုအခြေအနေနှင့် ဈေးကွက်အတွင်း ‌ရောင်းချဖြန့်ဖြူးမှု ၊ ဈေးကွက်ချဲ့ထွင်မှု အနေအထားတို့ကို မေးမြန်းခဲ့ပြီး ဒေသထုတ်ကုန်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသော အဆိုပါ မုန့်ဖတ်လုပ်ငန်းအား ဈေးကွက်ချဲ့ထွင်ခြင်း လုပ်ငန်းများတွင် ၎င်းတို့ဌာနမှ ချိတ်ဆက်ဆောင်ရွက်ပေးနေသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)