ဒိုက်ဦးမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ် လက်ထောက်ပညာရေးမှူးတို့နှင့် ပူးပေါင်း၍ ၁၉.၁.၂၀၂၃ ရက်နေ့  ၊ နံနက်ပိုင်းကဒိုက်ဦးမြို့  ၊ အလကခွဲ ၊ အမှတ် (၆) တွင်  စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ရာ ဆရာ /ဆရာမများနှင့်ကျောင်းသားကျောင်းသူ ၁၆၅ ဦးတက်ရောက်ခဲ့ပါသည်။

        အဆိုပါ ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကို ဆရာ /ဆရာမများနှင့် ကျောင်းသား /ကျောင်းသူများ သိရှိနိုင်စေရန်နှင့်ဖတ်ရှု လေ့လာတတ်စေရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ အခွင့်အရေးများနှင့် တိုင်ကြားနိုင်ခြင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)