ညောင်လေးပင်မြို့နယ်ရှိ မုန့်မျိုးစုံလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန ၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးဦးဆောင်၍ စားသုံးတာဝန်ခံ ၊ ပြည်တွင်းတာဝန်ခံ တို့နှင့်အတူ ၁၉.၁.၂၀၂၃ ရက်နေ့တွင် ညောင်လေးပင်ခရိုင်တွင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသော ရွှေခေတ်မုန့်မျိုးစုံ လုပ်ငန်းပိုင်ရှင်နှင့်တွေ့ဆုံ၍ ဆွေးနွေးခဲ့ပါသည် ။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ  ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာမည့် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များနှင့် ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ကိစ္စရပ်များ ၊  စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဌာန်း ထားသော ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဥပဒေပုဒ်မများကို  ရှင်းလင်းဆွေးနွေးခဲ့ပြီး မုန့်များ၏ ထုတ်ပိုးမှု အပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားများကို ပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)