တရားမဝင် ဆေးဝါးနှင့် အန္တရာယ် ဖြစ်စေနိုင်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့ ၊ မြို့မရပ်ကွက် စည်ပင်သာယာဈေးအတွင်း၌ တရားမဝင် အိမ်သုံးဆေးဝါးများနှင့် စားသောက်ကုန်အမှတ်တံဆိပ်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိကို  ဇန်နဝါရီလ ၁၈ ရက်နေ့  ၊ နေ့လယ်အချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းများ ၊ မြို့မစည်ပင်သာယာဈေး တာဝန်ခံနှင့် ပြန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆေးဝါးပစ္စည်းများ ရောင်းချနေသော ဆိုင် ၃ ဆိုင်တွင် တရားမဝင် အိမ်သုံးဆေးဝါးများ Paracetamal 500 gm သောက်ဆေးများ‌ရောင်းချခြင်း ရှိ/မရှိ ၊ အန္တရာယ်ရှိစေသော တရားမဝင်လမ်းကြောင်းမှတဆင့် ဝင်ရောက်လာသော ကော်ဖီမစ်များ ရောင်းချခြင်း ရှိ/မရှိ တို့ကို စစ်ဆေး၍ ကုန်စုံဆိုင်ပိုင်ရှင်များအား တရားမဝင်ကုန်စည်များ ရောင်းချခြင်းမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိသော ကုန်ပစ္စည်းများသာ ရောင်းချကြရန် အသိပညာပေးခဲ့ပြီး ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)