တောင်ငူခရိုင်တွင် ဓာတ်မြေသြဇာများ ကွင်းဆင်းစစ်ဆေး

Powered by Drupal

              ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလအတွင်း တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များတွင်ရှိသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ ဓာတ်မြေသြဇာ အမှတ်တံဆိပ်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန ၊ တောင်ငူ ခရိုင်ဦးစီမှူး ဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံတို့ပါဝင်သောအဖွဲ့သည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စိုက်ပျိုးရေးပစ္စည်း အ‌ရောင်းဆိုင်များတွင် ရောင်းချနေသော ဓာတ်မြေသြဇာများတွင် တရားဝင် ခွင့်ပြုချက်ဖြင့် ဖြန့်ဖြူးရောင်းချခြင်း ဟုတ်/ မဟုတ် ၊ စိုက်ပျိုးရေးဦးစီးဌာန၏ ခွင့်ပြုချက် အမှတ်ပါ/မပါ ၊ ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)