ကျွန်မတို့စားသုံးစရာဟင်းအမယ်တစ်မျိုးဖြစ်သော ဆင်ခရမ်းချဉ်သီးကို ရခိုင်ရိုးမလမ်းပေါ်ရှိ ချင်းရွာအလွန် ပုဂံကွဲရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ခရမ်းပင်အမျိုးအစားထဲတွင် ပါဝင်၍ ဆင်ခရမ်းချဉ်သီးကို ရခိုင်လို ခရမ်းချိုင်သီးဟုခေါ်ပါသည်။ ဖုန်းဆိုးမြေများတွင် တောင်ယာစပါးများအပြင် သီးညှပ်စိုက်ပျိုးပါသည်။ မိုးဦးကျတွင် မျိုးစေ့များကျဲကာ ဩဂုတ်လနှင့်စက်တင်ဘာလတွင် အသီးများစတင်သီးလာပါသည်။ ဒီဇင်ဘာလနှင့်ဇန်နဝါရီလများတွင် အသီးများလှိုင်လာကာ ဖေဖော်ဝါရီလနှင့် မတ်လများတွင် အသီးထွက် အားနည်းသွားပါသည်။ နောက်နှစ်မိုးဦးကျချိန်မှသာ အပင်များပြန်လည်ထွက်ပေါ်လာပါသည်။ တစ်နှစ်ကျဲပတ်ထားလျှင် နှစ်ရာသီထွက်သော အပင်ဖြစ် ပါသည်။ ဆင်ခရမ်းချဉ်သီးအခွံသည် မမှည်ခင်တွင် အစိမ်းရောင်းရှိပြီး မှည့်လျှင် အနီရောင်နှင့်အဝါရောင်ရှိပါသည်။ အသားသည် ရိုးရိုးခရမ်းချဉ်သီးများထက် အသားထူပြီး နည်းနည်းမာကာ အရသာမှာ ချဉ်၍ ခါးသက်သည့်အရသာအနည်းငယ်ရှိပါသည်။ ဆင်ခရမ်းချဉ်သီးသည် ဗီတင်မင်အေ၊ ဘီ၊စီ ပိုတက်စီယမ်သံဓါတ်၊ သံဓါတ်၊ အမျှင်ဓါတ်၊ ရေဓါတ်နှင့် ဗီတာမင် ကေဓါတ် များစွာပါဝင် ပါသည်။
ဆင်ခရမ်းချဉ်သီးသည် အသီးသာမကတစ်ပင်လုံး ဆေးဖက်ဝင်သောအပင်ဖြစ်ပါသည်။ ဆီးချို ရောဂါ၊ သွေးအားနည်းရောဂါများကို မဖြစ်အောင် ကာကွယ်ပါသည်။ နှလုံးကိုကျန်းမာ စေပါသည်။ သားအိမ်ကို ကျန်းမာစေပြီး မျိုးပွားစနစ်ကို အားကောင်းစေပါသည်။ အသားအရေလှပ စေပြီး ရောင်းရမ်းခြင်းများကိုကျစေပါသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ခလေးသူငယ်များ စားသုံးရန်မသင့်ကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း ဆင်ခရမ်းချဉ်သီး တစ်တင်းခွဲ တစ်အိတ် လျှင် ၁၄၀၀၀ကျပ် နှုန်းဖြင့်ရောင်းချပြီး ဈေးဆိုင်များတွင် အလုံးကြီးတစ်လုံးလျှင် ၈၀ကျပ်၊ အလုံးသေးတစ်လုံးလျှင် ၅၀ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ဆင်ခရမ်းချဉ်သီးကို ကြက်သားနှင့်တွဲဖက်၍ ကြက်သောက်ဆမ်းအဖြစ် ပြည်ဒေသထွက် အစားအစာ တစ်မျိုးအဖြစ် ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)