စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်ဇန်နဝါရီလ၂၅ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အထက(ခွဲ)ကော့ပနောကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးသူဇာ မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများအား ဟောပြောဆွေးနွေး ခဲ့ပါသည်။ ထို့နောက်စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူး ဦးမင်းနောင်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ ၊ ဝန်ဆောင်မှုအကြောင်းသိကောင်းစရာများ ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့်ပတ်သက်သည့်အကြောင်းအရာများ ၊ CICC အကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ၊ဆရာမ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၈၂)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဆိုင်ရာလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)