မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများကို ပြည်နယ်အတွင်းရှိ ခရိုင်များနှင့်မြို့နယ်များတွင် နည်းလမ်းမျိုးစုံဖြင့် နေရာအနှံ့ဆောင်ရွက်လျက်ရှိရာ၂၆.၁.၂၀၂၃ ရက်နေ့၊ နေ့လယ်(၂:၀၀)နာရီအချိန် တွင် မော်လမြိုင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်သည် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တာခံ ဒေါ်ချိုမြတ်မြတ်ထွေး (ဦးစီးအရာရှိ) က Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ဆွေးနွေးခြင်း၊ မော်လမြိုင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ဝါဝါမြိုင်က ဦးစီးဌာန၏ ဆောင်ပုဒ် (Motto)၊ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျှင် တိုင်ကြားနိုင်သည့်နည်းလမ်း များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA( မွန်)