စားသုံးသူရေးရာဦးစီးဌာန၊မုံရွာခရိုင်ဦးစီးရုံးမှခရိုင်ဦးစီးမှူး၊ဒုခရိုင်ဦးစီးမှူးနှင့် စစ်ဆေး ရေး အရာရှိ(၂)ဦးတို့သည် မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်ရှိ “မြို့ညွန့်အောင်” ဝါကြိတ်စက် လုပ်ငန်းအားသွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စက်ရုံ၏ကုန်ကြမ်း ရရှိမှု၊ ထုတ်လုပ်မှု၊ဈေးကွက်အခြေအနေ၊ လက်ရှိရင်ဆိုင်နေရသော အခက်အခဲများ မေးမြန်းဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်က ယခုကာလသည် ဝါအသစ်များပေါ်ချိန်ဖြစ်၍ ချင်းတွင်းမြစ် တစ်ဖက်ကမ်းရှိ ယင်းမာပင်ခရိုင်အတွင်းရှိမြို့နယ်များမှ လာရောက်ရောင်းချကြကြောင်း လက်ရှိဈေးနှန်းများအနေဖြင့်ဝါတစ်ပိဿာလျှင် (၂၇၀၀-၂၈၀၀)ကျပ်၊ဝါဂွမ်း တစ်ပိဿာ (၆၇၀၀)ကျပ်၊ဝါစေ့ဆီတစ်ပိဿာလျှင်(၆၄၀၀)ကျပ်၊ဝါကြိတ်ဖတ်တစ်ပိဿာလျှင်(၁၀၅၀)ကျပ်နှင့်ဝါစေ့တစ်ပိဿာလျှင် (၁၁၅၀)-၁၂၀၀)ကျပ် ရှိပြီး ကြိတ်ခွဲရရှိသော ဝါဂွမ်းကို မန္တလေးမြို့ရှိ (CYT) စက်ရုံသို့တင်ပို့ရောင်းချကြောင်း ဆွေးနွေးသိရှိခဲ့ရပါသည်။
DOCA(စစ်ကိုင်း)