ကယားပြည်နယ်တွင် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် စပါး၊ ပြောင်း၊ နှမ်းတို့အပြင် ပဲတီစိမ်းများကိုလည်း စိုက်ပျိုးကြသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ပဲတီစိမ်း စိုက်ပျိုးထွက်ရှိမှုအနေဖြင့် ပဲတီစိမ်း(မိုး/ဆောင်း)စိုက်ဧကမှာ(၁၄၃၁)ဧကခန့်၊ ရိတ်ဧကမှာ(၉၁၈) ဧကခန့်၊ တစ်ဧကအထွက်နှုန်းမှာ (၁၀)တင်းခန့်နှင့် စုစုပေါင်းအထွက်နှုန်းမှာ(၉၇၂၇)တင်းခန့် ထွက်ရှိပါကြောင်း သက်ဆိုင်ရာဌာနမှ သိရှိရပါသည်။
၂၀၂၂-၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ပဲတီစိမ်း ဈေးနှုန်းမှာ ပဲတီစိမ်းတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့်နှင့် တစ်တင်းလျှင် (၄၀၀၀၀)ကျပ် ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း၊ ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် ပဲတီစိမ်းတစ်ပိဿာလျှင် (၂၀၀)ကျပ်ခန့်၊ တစ်တင်းလျှင်(၄၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာလျက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(ကယား)