စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ပုလဲဓာတ်မြေဩဇာ(ရွှေတောင်) (50Kg) တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ တီစူပါ၄၆% သံကွင်း(တရုတ်) (50Kg) တစ်အိတ်လျှင် (၉၅၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅) (50Kg)တစ်အိတ်လျှင် (၁၅၂၅၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) (50Kg) တစ်အိတ်လျှင် (၁၅၇၀၀၀)၊ ပန်းဖူး(မြန်မာ့သြဘာ) (50Kg) တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) (50Kg) တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ်၊ ဇာမဏီ(ကွန်ပေါင်း) (50Kg) တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ ပန်းဖူး(သစ်) (တရုတ်) (50Kg) တစ်အိတ်လျှင် (၉၅၀၀၀)ကျပ်နှင့် မျှားကမ္ဘာ(တရုတ်) (50Kg) တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများ ဖြစ်သည့် စတား (အာမို) (100 CC )တစ်ဘူးလျှင် (၅၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500 CC) တစ်ဘူးလျှင် (၁၇၅၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ) (500 CC) တစ်ဘူးလျှင် (၂၅၅၀၀)ကျပ်၊ အစီဖိတ်(သြဘာ) (500g) တစ်ဘူးလျှင် (၁၈၀၀၀)ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500 CC) တစ်ဘူးလျှင် (၁၁၀၀၀)ကျပ်နှင့် ဖို့စတင်း (သြဘာ) (1 liter) တစ်ဘူးလျှင် (၃၂၀၀၀) ကျပ် စသည်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။
ယခုအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ပုလဲဓာတ်မြေဩဇာ (ရွှေတောင်) (50Kg)တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ တီစူပါ၄၆% သံကွင်း(တရုတ်) (50Kg) တစ်အိတ်လျှင် (၉၅၀၀၀)ကျပ်၊ ကျွဲနက် ၁၅း၁၅း၁၅ (50Kg) တစ်အိတ်လျှင် (၁၅၂၅၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) (50Kg) တစ်အိတ်လျှင် (၁၅၇၀၀၀)ကျပ်၊ ပန်းဖူး (မြန်မာ့သြဘာ) (50Kg) တစ်အိတ်လျှင် (၈၃၀၀၀)ကျပ်၊ MC (ကွန်ပေါင်း) (50Kg) တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ်၊ ဇာမဏီ(ကွန်ပေါင်း) (50Kg) တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) (50Kg) တစ်အိတ်လျှင် (၉၁၀၀၀)ကျပ်နှင့် မျှားကမ္ဘာ(တရုတ်) (50Kg) တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား (အာမို) (100 CC) တစ်ဘူးလျှင် (၅၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500 CC) တစ်ဘူးလျှင် (၁၇၅၀၀)ကျပ် ၊ မိုရယ်မုန် (သြဘာ) (500 CC) တစ်ဘူးလျှင် (၂၅၀၀၀)ကျပ်၊ အစီဖိတ်(သြဘာ) (500g) တစ်ဘူးလျှင် (၁၈၀၀၀)ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500 CC) တစ်ဘူးလျှင် (၁၁၀၀၀) ကျပ်နှင့် ဖို့စတင်း(သြဘာ) (1 liter) တစ်ဘူးလျှင် (၃၂၀၀၀) ကျပ်စသည်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အတက်၊ အကျအနည်းငယ်သာရှိပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)