မြေပဲဆံနှင့်မြေပဲဆီ ဈေးကောင်းရလျက်ရှိ

Powered by Drupal

   ကယားပြည်နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲသီးနှံကိုလည်း အဓိကစိုက်ပျိုးထုတ်လုပ်လာကြပါသည်။ မြေပဲကို လွိုင်ကော်ခရိုင်တွင်အများဆုံးစိုက်ပျိုးကြပြီး ဘောလခဲခရိုင်တွင်လည်း အနည်းငယ်စိုက်ပျိုးကြသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြေပဲ(မိုး)စုစုပေါင်းစိုက်ဧကမှာ (၅၇၀၈)ဧကခန့်ရှိခဲ့ပြီး အကုန်ရိတ်သိမ်းခဲ့ပြီးဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် မြေပဲအတောင့် (၄၅) တင်းခန့်နှင့် မြေပဲအတောင့်စုစုပေါင်းအထွက်မှာ(၂၅၄၇၆၆)တင်းခန့် ထွက်ရှိပါကြောင်း သက်ဆိုင်ရာဌာနမှသိရှိပါသည်။

      ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းဖြစ်ပေါ်နေသော မြေပဲဈေးနှုန်းမှာ မြေပဲအဆံတစ်ပိဿာ လျှင်(၆၅၀၀)ကျပ်ခန့်၊ မြေပဲအဆံတစ်တင်းလျှင်(၉၁၀၀၀)ကျပ်၊ မြေပဲအတောင့်တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ခန့်၊ မြေပဲအတောင့်တစ်တင်းလျှင်(၂၄၀၀၀)ကျပ်ခန့်နှင့် မြေပဲဆီတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျ က်ရှိပါကြောင်း ဆီစက်ပိုင်ရှင်ထံမှ သိရှိရပါသည်။

      ပြည်နယ်အတွင်းထွက်ရှိသော မြေပဲများကို ပြည်နယ်အတွင်း ကြိတ်ခွဲစားသုံးရောင်းချကြ လျက်ရှိပြီး မြေပဲအဆံတစ်တင်း ကြိတ်ခွဲလျှင် မြေပဲဆီ(၆)ပိဿာခန့်နှင့် မြေပဲအတောင့် တစ်တင်း ကို ကြိတ်ခွဲလျှင် မြေပဲဆီ(၂)ပိဿာခန့် ထွက်ရှိနိုင်ပါသည်။ မြေပဲအတောင့် (၂၅၄၇၆၆)တင်းကို ဆီကြိတ်ခွဲပါက မြေပဲဆီ(၅၀၉၅၃၂)ပိဿာခန့် ထွက်ရှိနိုင်ပါသည်။ ပြည်နယ်အတွင်းထွက်ရှိသော မြေပဲများကို ကုန်ကြမ်းအဖြစ်ရောင်းချလျှင် ကျပ်(၆၁၁)သန်းခန့်သာရရှိနိုင်မည်ဖြစ်ပြီး ကြိတ်ခွဲ ရောင်းချလျှင်ကျပ်(၆၆၂)သန်းခန့်ရရှိနိုင်ပါသည်။ ထို့ကြောင့်တောင်သူများက ကုန်ကြမ်းအဖြစ် မရောင်းချဘဲ မြေပဲဆီအဖြစ်ကြိတ်ခွဲရောင်းချ လာကြပါသည်။ ယခုနှစ် တစ်ဧကစုစုပေါင်း ကုန်ကျစရိတ်အနေဖြင့် (၆၀၀၀၀၀)ကျပ်ခန့် ကုန်ကျပါကြောင်း၊ မြေပဲအတောင့် တစ်တင်း (၂၄၀၀၀)ကျပ် ခန့်ပေါက်ဈေးရှိရာ တစ်ဧကဝင်ငွေ အနေဖြင့် (၁,၀၈၀,၀၀၀)ကျပ်ခန့်ရှိပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့်(၄၈၀၀၀၀)ကျပ်ခန့် ရရှိနိုင်ကြောင်း သိရှိရပါသည်။

      မြေပဲဆီစားသုံးခြင်းဖြင့် ဗီတာမင် E ကြွယ်ဝစွာပါဝင်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ခြင်း၊ အင်ဆူလင် sensitivity ကိုတိုးစေနိုင်ခြင်း၊ မှတ်ဥာဏ်ကျန်းမာရေးကိုတိုးတက်စေခြင်း၊ ကင်ဆာဖြစ်နိုင်ချေကိုလျှော့ချ ပေးနိုင်ခြင်း၊ အရိုးအဆစ်နာကျင်ခြင်းကို သက်သာစေနိုင်ခြင်း၊ အိုမင်းခြင်းရဲ့ လက္ခဏာတွေကို နှောင့်နှေးစေနိုင်ခြင်း၊ဦးရေပြား psoriasis ကို ကုသရာတွင်ကူညီနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

DOCA(ကယား)