ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် စီးပွားဖြစ်ပဲသီးများကိုစိုက်ပျိုးပြီး တင်ပို့ရောင်းချလျက်ရှိပါသည်။ အဆိုပါပဲသီးများကို တစ်နှစ်လျှင်(၂)ကြိမ် စိုက်ပျိုးလျက်ရှိပြီး စိုက်ခင်းထဲတွင် နေ့စဉ်မပြတ်ရေသွင်း၍သော်လည်းကောင်း၊ ရေပန်းဖြင့်ဖြန်း၍သော်လည်းကောင်း စိုက်ပျိုးလျက်ရှိပါသည်။ ၎င်းပဲသီးများကို ဂုန်နီအိတ်ထဲတွင် စနစ်တကျထည့်သွင်းပြီး တစ်အိတ်လျှင် (၁၀၀)ကီလိုဂရမ်ကို ယွမ်(၁၀၀)ဖြင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် တရုတ်ပြည်နယ်စပ်ဂိတ်များကို ပိတ်ပင်ထားပါသဖြင့် စီးပွားဖြစ်ပဲသီးစိုက်ပျိုးသည့် တောင်သူများမှာ ဆုံးရှုံးမှုများစွာရှိခဲ့ကြောင်းသိရှိရပြီး ယခုနှစ်တွင် တရုတ်ပြည်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လစ်မည့် သတင်းများကြားသိရပါသဖြင့် စိုက်ပျိုးသည့်တောင်သူများအနေဖြင့် ပြန်လည်အဆင်ပြေနိုင်မည့် အလားအလာများတွေ့ရကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)